Posts

Image
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်သို့ မောင်သာ(ရှေးဟောင်းသုတေသန)   အေးမြသောရာသီဥတုနှင့်အတူ တောတောင်သဘာဝရှုခင်းများကြောင့် အလွန်သာယာလှပသည့် ရှမ်းပြည်နယ်၏ မြောက်ပိုင်းဒေသ သို့ သီပေါမြို့မှ တစ်ဆင့်မှ မော်တော်ကားဖြင့်သွားရောက်ခဲ့ရာ လမ်းများက အထူးကောင်းမွန်သဖြင့် ယခင်ကကဲ့သို့အချိန် အလွန် ကြာမြင့်စွာ မမောင်းနှင်ရဘဲ မူဆယ်မြို့သို့ရောက်ရှိခဲ့ပါသည်။မိမိတို့အဖွဲ့ရှမ်းပြည်နယ်မြောက်ပိုင်းသို့ရောက်ရှိချိန်သည် ဆောင်း ရာသီကုန်လုနီးဖြစ်သဖြင့် အလွန်အေးချမ်းခြင်းမရှိခဲ့ချေ။             မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အကြီးဆုံးဖြစ်သည့် ရှမ်းပြည်နယ်သည် ဧရိယာ ၆၀၁၅၅ ဒသမ ၂၀ စတုရန်းမိုင်ကျယ်ဝန်း၍ တြိဂံပုံတည်ရှိနေသည့် ရှမ်းပြည်နယ်ကို အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟုပိုင်းခြားထားရာ ရှမ်းပြည် နယ်၏ မြို့တော်သည် တောင်ကြီး၊ ပြည်နယ်မြောက်ပိုင်းမြို့တော်သည် လားရှိုးနှင့် ပြည်နယ်အရှေ့ပိုင်းမြို့တော်သည် ကျိုင်းတုံဖြစ် သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်သည့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်၊မြို့...
Image
ရိက္ခာပေါလှိုင် ဖျာပုံခရိုင်သို့ မောင်သာ(ရှေးဟောင်းသုတေသန)   မြန်မာနိုင်ငံပြည်သူပြည်သားများအတွက် လိုအပ်သည့်စားရေရိက္ခာများကို ပြည်နယ်တိုင်းဒေသကြီးအသီးသီးက ထုတ်လုပ်ပေး လျက်ရှိရာ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်၏စပါးကျီဟု တင်စားခေါ်ဆိုသည့်အတိုင်း ဆန်းစပါးကို အများဆုံးစိုက်ပျိုးထုတ်လုပ်နေသည့်ဒေသဖြစ်သည်။မြစ်ချောင်းများနှင့်မိုးရွာသွန်းမှုများပြားပြီး မြေဆီသြဇာကောင်းမွန်သည့် မြစ်ဝ ကျွန်းပေါ်ဒေသမှထွက်ရှိသည့် ဆန်စပါးများသည် စားသုံးသူများအကြား အလွန်ထင်ရှားလျက်ရှိရာ ဖျာပုံပေါ်ဆန်းမွှေးဆန်သည် လည်းအပါအ၀င်ဖြစ်ပေသည်။             ဆန်စပါးစိုက်ပျိုးမှုသာမက ပင်လယ်သားငါးထုတ်လုပ်မှုထုတ်လုပ်မှုလုပ်ငန်းပါဖွံ့ဖြိုးသည့် ဖျာပုံခရိုင်သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်များအနက်များအနက် ရန်ကုန်မြို့နှင့်အနှီးဆုံးတည်ရှိသည်။ရှေးအခါက ရေကြောင်းခရီးဖြင့်သာသွားလာ ခဲ့ကြရသည့် ဖျာပုံခရိုင်အတွင်းမှ မြို့ရွာများသည် မအူပင် ဖျာပုံ ဘိုကလေး မော်တော်ကားလမ်းကို ၁၉၉၇ ခုနှစ်တွင် စတင်ဖောက် လုပ်ခဲ့ပြီးနောက်ကုန်းလမ်းခရီးဖြင့် လွယ်ကူလျင်မြန်စွာသွားလာနိုင...
Image
ရခိုင်တိုင်းရင်းသားတို့ ဌာနေ စစ်တွေခရိုင်သို့ မောင်သာ(ရှေးဟောင်းသုတေသန) ဓာတ်ပုံ ဇေယျာထွန်း(Sterling Travels and Tours)   ယဉ်ကျေးမှု အစဉ်အလာကြီးမားခဲ့သည့် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ရခိုင် ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်း တွင်တည်ရှိသည်။ သမိုင်းတစ်လျောက် မြန်မာဘုရင်များနှင့် ခေတ်ပြိုင်နန်းပြိုင် မြို့ပြများတည်ထောင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာ ကျန်ရှိနေသည့်အနက် မြောက်ဦး ရှေဟောင်းနယ်မြေကို ယူနက်စကို အဖွဲ့သို့ ကမ္ဘာ့ အမွေအနှစ်ဒေသအမည်စာရင်း တင်သွင်းရန် နိုင်ငံတော်အစိုးရက စီစဉ်လျက်ရှိသည်။             ရခိုင်ပြည်နယ်ကို ခရိုင် ငါးခရိုင် မြို့နယ် ၁၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားကာ ပြည်နယ်မြို့တော်သည် စစ်တွေမြို့ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခဲ့သဖြင့် ယခင်က ရေလမ်းဖြင့်သာ အဓိက သွားရောက်နိုင်သည့် ရခိုင် ပြည် နယ်သို့ ယခုအခါတွင် ကုန်းလမ်းခရီးဖြင့် လျင်မြန်လွယ်ကူစွာ သွားရောက်နိုင်ကြပြီဖြစ်သည်။စစ်တွေနှင့် သံတွဲမြို့သို့ ယခင် ကပင် လေကြောင်းခရီးဖြင့် သွားလာနိုင်ခဲ့သည်။ ...